ကလေးဝတွင် စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ် အတိုက်ခံရ
စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် စခန်းကြီးရွာဝန်းကျင်တွင် စစ်ကောင်စီ၏ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ဇွန်လ ၁၆ ရက် နံနက်ပိုင်းတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ကလေးဝမြို့မှ မင်းကင်းမြို့နယ်သို့ ယာကြီးလမ်းအတိုင်း လူ၊ လက်နက်နှင့် ရိက္ခာပို့ရန်လာသော Faw ကား ၃ စီးပါ ခမရ (၃၆၂)…