Tongsan ~ October 24, 2026

Rev. Dr. Chin Do Kham အောက်မေ့ဖွယ် အထိမ်းအမှတ် ကျောက်တိုင်စာအုပ် ဆက်ကပ် အပ်နှံခြင်း နှင့် Dr. Kham ကွယ်လွန်ခြင်း (၁၃) နှစ်ပြည့် အောက်မေ့ဖွယ်ဝတ်ပြုခြင်းကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ Word Of Hope အသင်းတော် (Rev. Dr. Suan Za Pau ၏ ဘုရားကျောင်း) တွင် ကျင်းပခဲ့ရာ ဒေသအသီးသီးမှ လူအများအပြား ပါဝင်တက်ရောက်နိုင်ခဲ့ကြကြောင်း သိရှိရပါသည်။ ဤအစီအစဥ်အတွင်း Rev. Sang Pui က အစီအစဉ်မှူး အဖြစ် ဆောင်ရွက်ပြီး Pu Vum Nang က အိမ်ရှင်ဘက်မှ အမှာစကားပြောကြားခြင်းနှင့် ဓာတ်ပုံများပြသခြင်းတို့ ပြုလုပ်နိုင်ခဲ့သည်။

စာအုပ်အပ်နှံခြင်းကို Rev. Dr. Suan Za Pau (WOH) က ဆောင်ရွက်ခဲ့ပြီး ဂုဏ်ပြုအမှာစကားများကို ဘုရားသခင်အသုံးပြုသော ကျော်ကြားသည့် ဆရာကြီးများစွာက ပြောကြားနိုင်ခဲ့ကြကြောင်းသိရှိရပါသည်။ ဤအလွန်တရာ အဖိုးတန်လှသော Dr. Kham အောက်မေ့ဖွယ် အထိမ်းအမှတ် ကျောက်တိုင်စာအုပ်ကို Dr. Kham ၏ အစ်ကိုဖြစ်သူ Pu H. Vum Za Nang ၏ စီစဉ်ဦးဆောင်မှုနှင့် ကြိုးပမ်းအားထုတ်မှုတို့ဖြင့် ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး မကြာမီကာလအတွင်း နယ်မြေအသီးသီးသို့ ဆက်လက် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

Hits: 0

ByAdmin

Leave a Reply

Your email address will not be published. Required fields are marked *