ချင်းမကွေးအစပ်၊ မိအယ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး ကလေးငယ် ၂ ဦးအပါအဝင် အမျိုးသမီး ၅ ဦး သေဆုံး
ချင်း-မကွေးအစပ်၊ ဆောမြို့နယ်၊ ကျောက်ထုဒေသရှိ မိအယ်ကျေးရွားကို စစ်ကော်မရှင်တပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ရာ ကလေးငယ် ၂ ဦးအပါအဝင် ဒေသခံပြည်သူ ၅ ဦး သေဆုံးပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ ဖေဖော်ဝါရီလ ၅ ရက် ညနေ ၄ နာရီ ၅၀ မိနစ်ခန့်က ကျောက်ထုတိုက်နယ်အရှေ့ခြမ်းရှိ မိအယ်ကျေးရွာကို စစ်ကော်မရှင်တပ်သည်…
တန့်ဆည်မြို့နယ်၊ သစ္စေးကုန်းရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု သံဃာတော်နှင့် ကိုရင်ငယ် အပါအဝင် ပြည်သူ ၇ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ သစ္စေးကုန်းရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဆွမ်းဘုန်းရန် ပြင်ဆင်နေသည့် သံဃာတော်နှင့်ကိုရင်ငယ် အပါအဝင် ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း Monywa Revolution မှ တာဝန်ရှိသူနှင့် ဒေသပြည်သူများက ပြောဆိုသည်။ ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်အချိန် စစ်တပ်၏ ဂျက်ဖိုက်တာ…
အစိုးရသစ်ဖွဲ့မည့် စစ်ခေါင်းဆောင်က တိုင်းမှူးနှင့် တပ်မမှူးများအပါအဝင် စစ်ဘက်အရာရှိ ၆ ဦးကို ကြိုးမိန့်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်
အစိုးရသစ်ဖွဲ့စည်းရန် ပြင်ဆင်နေသည့် စစ်ခေါင်းဆောင်က စစ်ရေးရှုံးနိမ့်မှုနှင့် အဂတိမှုများဖြင့် စွပ်စွဲ ခံထားရသည့် တိုင်းမှူး၊ တပ်မမှူးနှင့် ဗျူဟာမှူး စုစုပေါင်း ခြောက် ဦးကို ကြိုးမိန့် (သေဒဏ်) နှင့် နှစ်ရှည်ထောင်ဒဏ်များ အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။ စစ်ခေါင်းဆောင်သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)တိုင်းမှူး ဗိုလ်ချုပ်နိုင်ဇော်ဦးအပါအဝင် တပ်မမှူး၊ နည်းဗျူဟာမှူးစသည့် အဆင့်မြင့်အရာရှိကြီးများ ပါဝင်နေပြီး ကြိုးမိန့် (သေဒဏ်)နှင့်…
သမ္မတအထက်တွင်နေ၍ အာဏာချုပ်ကိုင်မည့် ‘အတိုင်ပင်ခံကောင်စီ’ ဥပဒေကို စစ်ခေါင်းဆောင် ပြဋ္ဌာန်း၊ အာဏာရှင်စနစ် သက်ဆိုးရှည်ရန် ဖန်တီးမှုဖြစ်ဟုဆို
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၎င်းတို့ပြုလုပ်ခဲ့သည့် အတုအယောင် ရွေးကောက်ပွဲမှနေ၍ ထွက်ပေါ်လာမည့် အစိုးရနှင့် သမ္မတအထက်တွင် ရှိနေမည့် “ပြည် ထောင်စုအတိုင်ပင်ခံကောင်စီ” ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် အာဏာအားလုံးကို ဆက်လက်ချုပ်ကိုင်ရန် ပြင်ဆင်လာကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြ သည်။ “ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ”ဥပဒေကို ယာယီသမ္မတအဖြစ် တာဝန်ယူထားသည့် စစ်ခေါင်း ဆောင်မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၃ ရက်တွင် လက်မှတ်ရေးထိုး…
အမေရိကန်သမ္မတက ၂၀၂၆ ခုနှစ် ဘဏ္ဍာနှစ် အသုံးစရိတ်ဥပဒေကို လက်မှတ်ထိုးအတည်ပြုလိုက်ပြီး ဥပဒေ၏ အစိတ်အပိုင်းဖြစ်သော မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီပေးရေးမှာလည်း အသက်ဝင်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်အစိုးရ၏ ၂၀၂၆ ဘဏ္ဍာရေးနှစ် အသုံးစရိတ် ဥပဒေကို ဖေဖော်ဝါရီလ ၃ ရက်နေ့ တွင် လက်မှတ်ရေးထိုး အတည်ပြုလိုက်ခြင်းဖြင့် မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီပေးရေး အစီအစဉ်သည် တရားဝင် အသက်ဝင်လာကြောင်း သိရသည်။ အမေရိကန်အစိုးရ အသုံးစရိတ် ဥပဒေဖြစ်သည့် Consolidated Appropriations Act, 2026 (၂၀၂၆…
အထက်မင်းလှမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ၂ ရက်ဆက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်၂၀ ဦးထက်မနည်းသေဆုံး
မကွေးဒေသ၊ အထက်မင်းလှမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ဗမာပြည်ကာကွယ်ရေးတပ် USBA က ဖေဖော်ဝါရီ ၃ ရက်နဲ့ ၄ ရက်မှာ ၂ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။ သရက်-မင်းလှ လမ်းပေါ်ရှိ ဇီးတောကျေးရွာနဲ့ မင်းဂံကျေးရွာကြား ဘွဲ့ကျေးရွာပေါက်မှာ စစ်ကောင်စီ ကား ၃ စီးနဲ့ အင်အား ၉၀…
ဖလမ်းမြို့ကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်တပ် ဗိုလ်မှူး ၁ ဦးအပါအဝင် ၃၆ ဦးသေဆုံး ၂၀ကျော်ထိခိုက်ဒဏ် ရာရခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ် ၃၀ ခန့် နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရမိ
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ပြည်လည်သိမ်းပိုက်ဖို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ချင်းတော်လှန် ရေးပူးပေါင်းတပ်ဘက်မှ တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်မှူးအပါအဝင် ၃၆ ဦးကျော်သေဆုံးပြီး ၂၀ ကျော်ထိခိုက်ဒဏ် ရာရခဲ့ကြတယ်လို့ သိရပါတယ်။ သိုင်းငင်းဘက်ကနေ စစ်ကြောင်းသုံးကြောင်းဖြင့် တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒီကနေ့ မနက်ပိုင်းမှာ Khuangli ရွာ နဲ့ Zawnglei ရွာ အနီးတဝိုက်မှာ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ “မနေ့က…
တွန်းဇံမြို့နယ်က ဘိန်းခင်းတွေဆီကို သွားရောက်ခဲ့သူ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးရဲ့ခရီးစဉ်
မြေပြင် ကွင်းဆင်း မှတ်တမ်းတင်နိုင်မှု အားနည်းနေသေးတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်က ဘိန်း စိုက်ခင်းတွေမှာ ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီး တစ်ပါး Rev. Father Andrew Go Lian ဦးဆောင်တဲ့ နယ်လှည့် ဒေသနာဟောကြား တဲ့ အဖွဲ့ဟာ ဇန်နဝါရီလ အစောပိုင်းမှာ ဘိန်းစိုက်ပျိုးရာ ဒေသများသို့ ကိုယ်တိုင် သွားရောက် လေ့လာမှုများ ပြုလုပ်ခဲ့ပြီး ဘိန်းခင်းမှာ အလုပ်လုပ်နေသူ…
ဖလမ်းမြို့နယ်၊ ဆွမ်ဟရန်တိုက်ပွဲတွင် စစ်ကော်မရှင်တပ်သား ၄ ဦးသေဆုံးပြီးနောက် ငန်ဇောလ်ရွာ လေကြောင်းမှ ဗုံးကြဲခံရကာ အဘွားအိုတစ်ဦး သေဆုံးနေအိမ်များစွာပျက်စီး
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဆွမ်ဟရန်ကျေးရွာတိုက်ပွဲတွင် စစ်ကော်မရှင်တပ်သား ၄ ဦး သေဆုံးခဲ့ပြီးနောက်၊ စစ်ကော်မရှင်က အနီးနားရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ငန်ဇောလ် (Nganzawl) ကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၇၀ အရွယ် အဘွားအိုတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဇန်နဝါရီလ ၃၁ ရက် နံနက်ပိုင်းတွင် ဖလမ်းမြို့အရှေ့ဘက်ခြမ်း ဆွမ်ဟရန် (Sumhrang) ကျေးရွာ၌…
ထိုင်းနိုင်ငံက မြန်မာအပေါ် ချိန်ညှိဆက်ဆံရေးမူဝါဒသစ် ကျင့်သုံးရန် အဆိုပြု၊ အာဆီယံကမူ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း အတည်ပြု
ထိုင်းအစိုးရသည် မြန်မာစစ်ကော်မရှင်၏ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲရလဒ်နှင့် နောက်တက်မည့်အစိုးရကို အပြည့်အဝလက်ခံခြင်းမရှိသော်လည်း၊ လက်တွေ့ကျကျ ထိတွေ့ဆက်ဆံသွားမည့် ‘ချိန်ညှိဆက်ဆံရေးမူဝါဒသစ် (Calibrated Engagement) ကို အဆိုပြုလိုက်သည်။ တချိန်တည်းမှာပင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက မြန်မာစစ်တပ်၏ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုကြောင်း ယမန်နေ့က တရားဝင်ကြေညာလိုက်သည့်အတွက် ဒေသတွင်းမူဝါဒ သဘောထားကွဲလွဲမှုများ ရှိလာနေသည်။ ထိုင်းနိုင်ငံ၏ မူဝါဒသစ်သည် စစ်အာဏာသိမ်းမှုကို တရားဝင်အသိအမှတ်ပြုခြင်း မဟုတ်သော်လည်း၊…