မကြာသေးခင်က CNA နှင့် ZRA-EC ကြားထိခိုက်ပွန်းပဲ့မှုဖြစ်တဲ့ကိစ္စဟာ Chinland Constitution နှင့် Zogam Charter တို့ရဲ့ခြားနားခြင်းပြဿနာကြောင့်မဟုတ်ပါ။ မျိုးနွယ်စုကြားဖြစ်တဲ့ပြဿနာလည်းမဟုတ်ပါ။ စစ်ကောင်စီကိုတော်လှန်နေတဲ့ CNA နှင့် CDFsများ၏စစ်ကြောင်းကို ZRAမှတားဆီးနှောက်ယှက်ရန်မိုင်းထောင်ပြီးပစ်ခတ်တိုက်ခိုက်သဖြင့်CNAနှငိ့အဖွဲ့ မှပြန်လည်တုန့်ပြန်ရာမှဖြစ်ပေါ်လာတဲ့ထိခိုက်ပွန်းပဲ့မှုဖြစ်သည်။

အစကနေပြောကြည့်မယ်နော်။ ၂၀၂၁ စစ်တပ်အာဏာထပ်သိမ်းတော့လူထုဒေါသငယ်ထိပ်ရောက်ခဲ့တယ်။ ရရာလက်နက်ကိုယ်စီဆွဲကိုင်ခဲ့ကြတယ်။ချင်းပြည်နယ်မှာလည်း တချို့ကမြို့နယ်အလိုက်၊ တချို့ကဒေသအလိုက်၊အချို့ကမျိုးနွယ်စုအလိုက် CDFs ဖွဲ့ပြီး လက်နက်ကိုယ်စီကိုင်ပြီးအာဏာသိမ်းစစ်တပ်ကိုအသီးသီးတော်လှန်ဖို့ပြင်ဆင်ခဲ့ကြတယ်။ အဲဒီကာလမှာCNA နှင့် ZRA တို့မှာမတူညီတာရှိခဲ့တယ်။ CNA က CDFs / PDFs တွေကိုကြိုဆိုတယ်။ တတ်နိုင်သမျှသင်တန်းပေးတယ်။ အချို့ဆိုသင်တန်းစရိတ်ပါစိုက်ထုတ်ပေးတယ်။ တတ်နိုင်သလောက်လက်နက်များတပ်ဆင်ပေးတယ်။ CDFs နှင့် CNA ပူးပေါင်းပြီးစစ်ဆင်ရေးအတူဆင်နွဲခဲ့ကြတယ်။

ZRA ကျတော့ အဲလိုမဟုတ်ခဲ့ဘူး။ CDF-Hualngo, PDF-Zoland, PDA တို့ရဲ့စခန်းကိုမီးရှို့ဖျက်ဆီးခဲ့တယ်။ ရိက္ခါကိုလည်းသိမ်းပိုက်တယ်။ လူကိုဖမ်းပြီးရိုက်နှက်ခဲ့တယ်။ ထိုမျှမကဘူး။ နကစနဲ့တောင်ပူးပေါင်းသလိုလိုသတင်းတွေထွက်နေတယ်။ သူတို့ ZRA က အာဏာသိမ်းစစ်ကောင်စီကိုမတော်လှန်တဲ့အပြင် ငါတို့ဇိုမီးနယ်မြေမှာ ZRA ကလွဲလို့ လက်နက်ကိုင်မရှိစေရဟုဆိုသေးတယ်။ စစ်ကောင်စီကိုတော်လှန်သူတွေကိုအစကတည်းကနေတားဆီးနှောက်ယှက်ခဲ့တယ်။ ယနေ့ထိလည်းတားဆီးနှောက်နေတယ်။ ထို့ကြောင့် ချင်းပြည်နယ်ရှိ Local CDFs များစုပေါင်းဖွဲ့စည်းထားတဲ့ CJDC ပူးပေါင်းအဖွဲ့က ZRA လုပ်ရပ်ကိုဆန့်ကျင်တဲ့ထုတ်ပြန်ချက်များထုတ်ခဲ့ကြတယ်။ စစ်ရေးဖြင့်အရေးယူရန်အထိဖြစ်ခဲ့တယ်။

ချင်းလူထုက သိရန်မှာ- ZRA သည် မဏိပူရ်ပြည်နယ်ရှိမိမိလူမျိုးနွယ်စု၏အခွင့်အရေးတောင်းဆိုရင်း အိန္ဒိယအစိုးကိုတော်လှန်တဲ့လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး အိန္ဒိယအစိုးရနဲ့ငြိမ်းချမ်းစကားပြောခဲ့ကြသည်။ အိန္ဒိယအစိုးရ၏ခွင့်ချက်အရ ZRA သည် အိန္ဒိယနိုင်ငံရဲ့နယ်ခြားစောင့်တပ်ဖြစ်လာသည်။ မြန်မာပြည်အစိုးရအဆက် ဆက်ကိုတော်လှန်လာခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့မဟာမိတ်ဖွဲ့ခြင်းလည်းမရှိပါ။

မြန်မာသမ္မတဟောင်းဦးသိန်းစိန်မှငြိမ်းချမ်းရေးကမ်းလှမ်းတဲ့အဖွဲ့မှာလည်း ZRA မပါခဲ့ပါ။ ချင်းပြည်နယ်ရှိ မည်သည့် CDFs နဲ့မျှပူးပေါင်းခြင်းမရှိပါ။ တီးတိန်၊တွန်းဇန်မြို့နယ်၊ ကလေး၊ကဘော်အတွင်းရှိ မည်သည့် CNDFs, KKG, PDF-Zoland, PDA စသည့်အဖွဲ့အစည်းများနဲ့လည်းပူးပေါင်းဆောင်ရွက်တဲ့အထောက်အထားမရှိပါ။

CNA ကတော့ Local CDFs (17)ဖွဲ့၊ ၂၀၂၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စလှယ်များနှင့်ပူးပေါင်းပြီး ချင်းလဲန်းကောင်စီ၊ ချင်းလဲန်းအစိုးရတွင်ကာကွယ်ရေးဝန်ကြီးနေရာတွင်ပါဝင်ပြီးချင်းလဲန်းကာကွယ်ရေး၊ချင်းပြည်သူကာကွယ်ရေး၊ကျူးကျော်ရန်သူခြေမှုန်းရေးစသည့်တာဝန်များကိုထမ်းဆောင်နေတဲ့ ချင်းအမျိုးသားတပ်မတော် CNAဖြစ်သည်။ K3C တွင်ပါဝွင်ပြီးစစ်ရေးကိစ္စများတွင်ပူးပေါင်းဆောင်ရွက်သည်။ NUG အစိုးရနဲ့ပူပေါင်းဆောင်ရွက်မှုရှိသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့လည်းစစ်ရေးပူးပေါင်းဆောင်ရွက်မှုရှိသည်။

UNO ဆီမှ Mandate ရအဖွဲ့အစည်းဖြစ်သည်။ (UN ရဲ့ သုံးပွင့်ဆိုင်ဆွေးရေး) မြန်မာနိုင်ငံတော်အစိုးရ၊မြန်မာ့တပ်မတော်ကလည်း ချင်းအမျိုးသားတပ်မတော်ကိုအသိအမှတ်ပြုသည်။အမေရိကန်နိုင်ငံတော်ကလည်း ချင်းအမျိုးသားတပ်မတော်ခေါင်းဆောင်နှင့်တိုင်းရင်းသားခေါင်းဆောင်များကိုခေါ်တွေ့ဘူးသည်။ ယနေ့လည်းဆက်ဆံနေသည်။ CNA တွင် ချင်းပြည် နယ် တွင်း/ပြင် မြို့နယ်စုံ၊ မျိုးနွယ်စုံ၊ ဒေသစုံမှလူငယ်များပါဝင်သည်။

Source: Salai Thang Ling Kee & CBN Daily News

Hits: 3

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed