October 11, 2023 | Tongsan Media Group |

ဂါဇာဒေသမှာ အစ္စရေးက လေကြောင်းထိုးစစ်တွေ ဆက်လုပ်နေချိန်မှာပဲ အစ္စရေး-လက်ဘနွန် နယ်စပ်မှာလည်း အမြောက်၊ လက်နက်ကြီး ပစ်ခတ်သံတွေ တတိယမြောက်နေ့အဖြစ် အင်္ဂါနေ့က ဆက်ကြားနေရပါတယ်။
လက်ဘနွန်တောင်ပိုင်းနယ်ထဲကနေ အစ္စရေးဘက်ကို ဒုံးကျည်အမြောက်အမြား ပစ်ခတ်မှုအပြီး လက်ဘနွန် နယ်စပ်အနီး နေရာ ၃ နေရာလောက်ကနေ မီးတန်းတွေနဲ့အတူ မီးခိုးတွေ ထွက်ပေါ်လာတာကိုလည်း တွေ့ခဲ့ရ ပါတယ်။ အဲဒီပစ်ခတ်မှုတွေကို ပါလက်စတိုင်း စစ်သွေးကြွအုပ်စုတွေက လုပ်ခဲ့တာလို့ လုံခြုံရေး သတင်းရင်းမြစ် တစ်ခုက ရိုက်တာကို ပြောပါတယ်။

ဒုတိယသတင်းရင်းမြစ်ကတော့ အစ္စရေးက ပစ်ခတ်တဲ့ လက်နက်ကြီးဟာ လက်ဘနွန်တောင်ပိုင်းနယ်မြေထဲက ဒုံးကျည်တွေ ပစ်လွှတ်ရာနေရာတွေကို ထိမှန်ခဲ့တယ်လို့ ပြောပါတယ်။ အစ္စရေးစစ်ဘက်ကတော့ လက်ဘနွန်နယ်မြေထဲကနေ ဒုံးကျည်ပစ်လွှတ်တဲ့နေရာကို အမြောက်နဲ့ တုံ့ပြန် ပစ်ခတ် မှုတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။

လက်ဘနွန်ကနေ ဒုံးကျည်(၁၅)စင်း ပစ်လွှတ်ခဲ့ရာမှာ အဲဒီထဲက (၄)လက်ကို ကြားဖြတ် ပစ်ချနိုင်ခဲ့ပြီးတော့ တခြား(၁၀)လက်ကတော့ ကွင်းပြင်တွေထဲ ကျရောက်ခဲ့တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ကလည်း လက်ဘနွန်နယ်စပ်တစ်လျှောက် တင်းမာမှုတွေမှာ ဟစ်ဇ်ဘိုလာ အဖွဲ့ဝင်(၃) ယောက် ၊ အစ္စရေး အရာရှိတစ်ယောက်နဲ့ လက်ဘနွန်နယ်ထဲကနေ အစ္စရေးနိုင်ငံထဲ စိမ့်ဝင်လာသူ ပါလက်စတိုင်း စစ်သွေးကြွ ၂ ယောက် သေဆုံးခဲ့ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed