တပ်မမှူးစတေးလည်း စစ်တပ်ပြန်မရတော့တဲ့ ၆၆၆ ပွိုင့်ကုန်း
ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းနယ်စပ်ထွက်ပေါက်မှာ စစ်ရေးအရ အဓိကကျတဲ့ ၆၆၆ ပွိုင့်ကုန်းကို လနဲ့ချီပြီးထိုးစစ်ဆင်ခဲ့ပေမယ့်အာရက္ခတပ်တော်(AA) နဲ့ပူးပေါင်းတပ်တွေရဲ့တန်ပြန်တိုက်ခိုက်မှုကြောင့် အာဏာသိမ်းစစ်တပ်အထိနာပြီးထွက်ပြေးဆုတ်ခွာခဲ့ရပြန်ပါတယ်။ ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာတောင်ဘက်၊ ၉ ကီလိုမီတာအကွာမှာရှိပြီး တောင်ကုတ်မြို့နယ်ဘက်ကို ဝင်ပေါက်ဖြစ်တဲ့ ရိုးမပေါ်က ၆၆၆ ပွိုင့်ကုန်းကို AA နဲ့ မဟာမိတ်တွေက ဇန်နဝါရီ ၂၈ရက်မှာ တကျော့ပြန်သိမ်းယူနိုင်ခဲ့ပါတယ်။ "တိုက်ပွဲတွေ ပြင်းထန်နေတာ နှစ်လနီးပါးရှိနေတာပါ။ လက်နက်ကြီး၊…
အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား ခြံစည်းရိုးခတ်မည့်အစီစဉ်ကို မလိုလားကြောင်း CYMA ပြော
မီဇိုရမ်ပြည်နယ်တွင် အကြီးဆုံးသောအရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် ဗဟိုမီဇိုးလူငယ်အသင်း(CYMA) က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား ခြံစည်းရိုးခတ်မည့်အစီစဉ်ကို ၎င်းတို့အနေဖြင့် မလိုလားကြောင်း အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေး ဝန်ကြီးဌာမှ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်ဟု သိရသည်။ ဗဟိုမီဇိုးလူငယ်အသင်း(CYMA) ဥက္ကဌ Pu R.Lalngheta၊ ဒုဥက္ကဌ Prof. Lalnuntluanga, အတွင်းရေးမှူး Prof. Malsawmliana နှင့် ဘဏ္ဍာရေးမှူး H Duhkima တို့သည် ဗဟိုအစိုးရပြည်ထဲရေးဝန်ကြီးဌာန…
အုတ်တွင်းတိုက်ပွဲ စစ်တပ်စစ်ကြောင်းပျက်အောင် တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးမှုများ၊ လက်နက် ၇လက်ရ၊ တော်လှန်ရေး ရဲဘော်၄ဦးကျဆုံး
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် ပြောင်ချောင်းကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ် စစ်ကြောင်းပျက်အောင် တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၂၂)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ မနေ့ ဇန်နဝါရီ ၂၈ရက်နေ့ ညနေပိုင်းမှာ ပြည်မြို့နယ် ပေါက်ခေါင်းမြို့မှ နယ်မြေရှင်းလင်းရန်ထွက်လာတဲ့ အင်အား ၁၅၀ ပါ စစ်ကောင်စီတပ် စစ်ကြောင်းကို အုတ်တွင်းမြို့နယ် အုတ်တွင်း-ပေါက်ခေါင်းလမ်း ပြောင်းချောင်းကျေးရွာအရောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့…
ဖလမ်းမြို့နှင့် ၄ မိုင်အကွာရှိ ဆွန်းတလားရွာကို စစ်ကောင်စီ ဗုံးကြဲ၊ နေအိမ် ၅ လုံး ပျက်စီး
ချင်းပြည်နယ်၊ ဖလမ်းမြို့မှ အနောက်မြောက်ဘက် ၄ မိုင်ခန့်သာ ကွာဝေးသော ဆွန်းတလား (Sunthla) ကျေးရွာကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် ညပိုင်းတွင် စစ်ကော်မရှင်တပ်သည် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားနေအိမ် ၅ လုံးခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၂၈ ရက် ည ၇ နာရီဝန်းကျင်တွင် စစ်ကော်မရှင်သည်…
ဖလမ်းမှာ စစ်တပ် စစ်ကူစစ်ကြောင်းကို ချင်းပူးပေါင်းတပ် ကြားဖြတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှု ရှိ
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့သို့ ထိုးစစ်ဆင်နေသော စစ်ကြောင်းများအတွက် စစ်ကူ ပေးရန်တက်လာသော စစ်ကော်မရှင်တပ်နှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်ပြီး စစ်ကော်မရှင်တပ်မှ ထိခိုက်သေဆုံးမှုများ ရှိနေသည်ဟု သိရသည်။ ဇန်နဝါရီလ ၂၀ ရက်မှစတင်၍ ကလေး - သိုင်းငင်းလမ်းကြောင်းမှတဆင့် စစ်ယာဉ်တန်းနှင့် အင်အား ၂၀၀ မှ ၃၀၀ ကြား စစ်ကူလာနေသော စစ်ကော်မရှင်တပ်နှင့် ချင်းပူးပေါင်းတပ်တို့ ဇန်နဝါရီလ…
တီးတိန်မြို့နယ်မှာ ရွာသား တဦး မိုင်းနင်းမိလို့ ခြေထောက်ဖြတ်ရ
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် New Suangpi ရွာမှာ ဇန်နဝါရီ ၂၅ ရက်နေ့က ဒေသခံအမျိူးသားတဦးဟာ မိုင်းနင်းမိခဲ့တာကြောင့် ခြေထောင်တဘက် ဖြတ်တောက်လိုက်ရတယ်လို့ သိရပါတယ်။ မိုင်းနင်းမိသူဟာ အသက် ၃၈ နှစ် အရွယ် Pa Khuang Tin Mang ဖြစ်ပြီး စစ်ရှောင်ရာကနေ နေအိမ်ကို ကြည့်ဖို့ ပြန်လာချိန် ရွာထိပ်မှာ မိုင်းနင်းမိခဲ့တာလို့ ဒေသခံတွေက…
တွန်းဇံမြို့သစ်စီမံကိန်းနှင့် အုပ်ချုပ်ရေးအားပြိုင်မှုကြား ZRA-EC က ဒရုန်းဖြင့် တိုက်ခိုက်၊ စစ်ရေးတင်းမာမှု မြင့်တက်လာ
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့နယ်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက မြို့ပြဖွံ့ဖြိုးရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်နေချိန်၌ ဇိုမီးတော်လှန်ရေးတပ် (ZRA-EC) က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လာသဖြင့် စစ်ရေးတင်းမာမှု ပြန်လည်မြင့်တက်လာသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်၊ နံနက် ၅ နာရီဝန်းကျင်တွင် တွန်းဇံမြို့နယ်ရှိ ချင်းအမျိုးသားတပ်မတော် (CNA) တပ်မဟာ (၄) ရှေ့တန်းစခန်းနှင့် CDF-Tonzang ၏ နတ်ဇံကာကင်းစခန်းတို့ကို…
လိုအပ်ချက်၏ ၅ ရာခိုင်နှုန်းသာ ဖြည့်ဆည်းနိုင်တော့သည့် ချင်းစစ်ဘေးရှောင်အရေး (သို့မဟုတ်) သယ်ယူစရိတ် မြင့်မားမှုကြောင့် အကူအညီပေးရေး အကျပ်တွေ့နေ
ချင်းပြည်နယ်အတွင်းရှိ စစ်ဘေးရှောင် ၁ သိန်းကျော်နှင့် အိန္ဒိယနိုင်ငံရောက် ဒုက္ခသည် ၆ သောင်းကျော်အတွက် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရာတွင် ရန်ပုံငွေမလုံလောက်မှုနှင့် သယ်ယူပို့ဆောင်ရေးစရိတ် အဆမတန်မြင့်မားမှုတို့ကြောင့် အမှန်တကယ်လိုအပ်ချက်၏ ၅ ရာခိုင်နှုန်းခန့်ကိုသာ ဖြည့်ဆည်းပေးနိုင်တော့ကြောင်း ချင်းရေးရာအဖွဲ့ချုပ် (ICA) က ထုတ်ဖော်ပြောကြားလိုက်သည်။ လက်ရှိတွင် ချင်းစစ်ဘေးရှောင်များအတွက် အကူအညီလိုအပ်ချက်၏ ၉၅ ရာခိုင်နှုန်းမှာ လစ်ဟာနေဆဲဖြစ်ပြီး အကူအညီမဲ့နေသည့် အခြေအနေဖြစ်ကြောင်း…
မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၂၄ ဦး ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူ စာရင်းကို ဆက်လက် စုံစမ်းနေ
မန္တလေးမြို့ နန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၂၄ ဦး ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူ စာရင်းကို ဆက်လက် စုံစမ်းနေကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီ…
လောင်းလုံးမြို့မရဲစခန်းနှင့် စရဖရုံးတို့ကို ၃ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဒုရဲအုပ် ၁ ဦး အပါအဝင် ၆ ဦးသေဆုံး
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မရဲစခန်းနှင့် စရဖရုံးတို့ကို ၃ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ဒုရဲအုပ် ၁ ဦး အပါအဝင် ၆ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်နေ့တို့တွင် လောင်းလုံးမြို့မရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ ဒရုန်းဖြင့် ဗုံး…