ဂန့်ဂေါမြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် မြောက်ပိုင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၅ ရက် ညပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံအမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ တိုက်ခိုက်မှုကို ဇန်နဝါရီ ၂၅ ရက်၊ ည ၉ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ဂျက်ဖိုက်တာ…
ထန်တလန်မြို့နယ်တွင် စိတ်ဝေဒနာရှင်ဟု ယူဆရသူ အိမ်ထောင်ဦးစီးက ဇနီးနှင့် သမီးကို ပစ်သတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ကုချာ (Kuhchah) ကျေးရွာတွင် ဇန်နဝါရီလ ၂၂ ရက် ညပိုင်းက အိမ်ထောင်ဦးစီးဖြစ်သူ အမျိုးသားတစ်ဦးသည် ၎င်း၏ ဇနီးနှင့် ၁၂ နှစ်အရွယ် သမီးဖြစ်သူကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် ၎င်းကိုယ်တိုင်လည်း ပစ်ခတ်ကာ အဆုံးစီရင်သွားခဲ့သဖြင့် မိသားစုဝင် (၃) ဦး သေဆုံးခဲ့ရသည်။ ဇန်နဝါရီလ ၂၂ ရက်၊ ည ၁၁…
နျူကလီးယားနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အမေရိကန်ရေတပ်ကြီး အီရန်သို့ ဦးတည်ချီတက်နေဟု သမ္မတထရမ့် သတိပေး
အီရန်နိုင်ငံအတွင်း ဆန္ဒပြပြည်သူ ၅,၀၀၀ ကျော် သေဆုံးခဲ့ရသည့် အကြမ်းဖက်နှိမ်နင်းမှုများနှင့် နျူကလီးယားအစီအစဉ် ပြန်လည်စတင်ရန် ကြိုးပမ်းမှုများကြောင့် အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln အပါအဝင် ရေတပ်ကြီးတစ်ခုသည် အီရန်နိုင်ငံဘက်သို့ ဦးတည်ချီတက်နေပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၂၃ ရက်တွင် အတိအလင်း သတိပေးပြောကြားလိုက်သည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ် (Davos) မြို့၌ ကျင်းပသည့်…
NUG နှင့် CNF အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် အတည်ပြု
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သော ဖိလစ်ပိုင်နိုင်ငံ၏ မြန်မာ့အရေး အထူးကိုယ်စားလှယ် ထရေဆာ လိုဇာရို (Ms. Theresa Lazaro) က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း အတည်ပြုလိုက်ပြီး ရှေ့ဆက်၍လည်း အစုအဖွဲ့ပေါင်းစုံနှင့် ဆွေးနွေးမှုများကို တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၃ ရက်နေ့တွင် Reuters…
ဖလမ်းမြို့ ပြန်ရရေး စစ်တပ်ကစစ်ကြောင်းသုံးခု အင်အား ထောင်ဂဏန်းအသုံးပြု ထိုးစစ်ဆင်
အာဏာသိမ်းစစ်တပ်က ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ ထိုးစစ်ဆင်နေရာ ချင်းပြည်နယ်မြောက်ပိုင်းမှာ ချင်းညီနောင်သိမ်းပိုက်ထားတဲ့ ဖလမ်းမြို့ကို ဦးတည်ပြီး စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်နေကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ဒီကနေ့ ဇန်နဝါရီ ၂၄ရက်မှာ ပြောပါတယ်။ ဒီကနေ့ ပြုလုပ်တဲ့ ချင်းညီနောင်အတွက် ရန်ပုံငွေရှာဖွေပွဲမှာ ချင်းမြောက်နဲ့ ချင်းတောင်ပိုင်း စစ်တပ် ထိုးစစ် ခုခံနေရမှု အခြေအနေကို အခုလို…
ဇိုမီး သမိုင်း
ဇိုမီး သမိုင်း (အပိုင်း တစ်) ဇိုမျိုးဆက် ဇိုမီး (Zomi) ဆိုတာ ဘာလဲ? ဇိုမီး (Zomi) ဆိုတာ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့မှာ နေထိုင်တဲ့ လူမျိုးစုတစ်စုဖြစ်ပါတယ်။ ဇိုမီး Zomi-ကိုကီး Kuki-မီးဇို Mizo -လိုင်မီး Laimi - ချိုး Cho-ခူမီး Khumi ဇို(Zo) မျိုးဆက် ထဲမှာ ပါဝင်ပြီး၊…
ဖလမ်းမြို့နယ် ခွန်မ်းလီကျေးရွာအနီး အကြမ်းဖက်စစ်တပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်များကြား တိုက်ပွဲဖြစ်ပွါး
ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦး ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း CNA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီလ ၃ ရက်နေ့ ကလေးမြို့ဘက်မှ ဖလမ်းမြို့ဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို CNA အပါအဝင်…
ဒေါက်တာဆာဆာ ဦးဆောင်ပြီး ချင်းပညာတတ်လူငယ်များပါဝင်သည့် IPFD အင်စတီကျုဖွဲ့စည်း
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကနေ နုတ်ထွက်ပြီးနောက် အမေရိကန်ရောက် ချင်းပညာတတ် လူငယ်တွေ ပါဝင်တဲ့ Institute of Peace and Federal Democracy (IPFD) ကို ဦးဆောင်ဖွဲ့စည်းလိုက်ပါတယ်။ IPFD ဟာ အမေရိကန်အစိုးရဆီမှာ မှတ်ပုံတင်ထားပြီး တရားဝင်လှုပ်ရှားတဲ့ အင်စတီကျူးရှင်း ဖြစ်သလို ဘဏ္ဍာရေးအတွက် တရားဝင် ဘဏ်စာရင်းကိုလည်း…
ဂါဇာစစ်ပွဲကြောင့် သေဆုံး ပါလက်စတိုင်းဦးရေ ၇၀၀၀၀ ကျော်လွန်လာ
ဂါဇာ ကမ်းမြှောင်ဒေသမှာ စစ်ပွဲစတင်ချိန် ကတည်းက ပါလက်စတိုင်းတွေ သေဆုံးမှု အရေအတွက်ဟာ ၇၀၀၀၀ ကျော်လွန်သွားပြီလို့ သိရပါတယ်။ အဲဒီ စိတ်နှလုံး မချမ်းမြေ့စရာ ကိန်းဂဏန်း မှတ်တိုင်ကို နိုဝင်ဘာ ၂၉ ရက်နေ့မှာ ကျော်ဖြတ်သွားခဲ့တာ ဖြစ်တယ်လို့ ဟားမားစ် ပြောက်ကျားတွေ ထိန်းချုပ်ထားတဲ့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာန…
မိုးကုတ်မြို့အနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေ
မိုးကုတ်မြို့အနီး (၂)မိုင်ခန့်အကွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။ နိုဝင်ဘာ ၃၀ရက် မနေ့ကညက မိုးကုတ်မြို့က ဆင်ခွာ၊ကျောက်ဝါ၊ ချောင်းကြီးဘော်ဗဒါန်းကျေးရွာဘက်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ဒီနေ့မှာလည်း တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ ဒေသခံတချို့ကပြောပါတယ်။ "တိုက်ပွဲက တော်တော်လေးပြင်းထန်တာပါ။ လက်နက်ကြီးသံတွေ ဆက်တိုက်ကြားရတယ်။ မြို့မှာကျန်နေခဲ့ရတာမို့လို့ အရမ်းစိတ်ပူတယ်။ တိုက်ပွဲဖြစ်မှာကို သိပေမယ့် လက်တွေ့မှာတော့ ထင်တာထက်ပိုတယ်"လို့ မိုးကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။…