မြောက်စည်းရဲစခန်းမှသိမ်းဆည်းရရှိသောလက်နက်ခဲယမ်းများကို NUG ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်
စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းရှိ မြောက်စည်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာ ၃ ရက် နံနက် ၆ နာရီခန့်တွင် စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၄ ရက် နံနက်တွင်သိမ်း ပိုက်နိုင်ခဲ့သည်။ စခန်းသိမ်းပြီးနောက် စစ်ကောင်စီဘက်မှ အလောင်း ၉ လောင်း တွေ့ရပြီး ၊တော်လှန်ရေးတပ်ဖွဲ့များမှလည်း ရဲဘော် သုံးဦး ကျဆုံးခဲ့သည်။ တော်လှန်ရေး ပူး ပေါင်းတပ်ဖွဲ့များဘက်မှ VAKOK-CNDF…
မလေးရှားမှာ ချင်းတိုင်းရင်းသား CDM ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရ်မြို့၊ Cheras Maluri ရပ်ကွက်မှာ နိုဝင်ဘာ ၆ ရက်နေ့ ည ၁၁ ဝန်းကျင်မှာ ချင်းတိုင်းရင်းသား CDM ရဲတပ်သား တစ်ဦး တိုက်ခန်းအောက်တွင် သေဆုံးလျက်တွေ့ရှိကြောင်း သတင်းရရှိပါတယ်။ သေဆုံးသွားတဲ့ CDM ရဲတပ်သားမှာ Pa Damasus Vum Lam Tuang (၂၃နှစ်) ဖြစ်ပြီး ချင်းပြည်နယ် တီးတိန်မြို့…
ပင်လယ်ဘူးမြို့ကို KIA၊ PDFနဲ့ ABSDF ပူးပေါင်းတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲဖော်ဆောင်
စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့မှာ နိုဝင်ဘာလ ၇ရက် ယမန်နေ့ည ၅နာရီဝန်းကျင်အချိန်စပြီး KIA၊ PDF နဲ့ ABSDF ပူးပေါင်းတပ်ဖွဲ့တွေက ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲ စတင်ဖော်ဆောင် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွါးချိန်မှာ အလံဖြူပြပြီး လက်နက်ချ အညံ့ခံတဲ့ စစ်ကောင်စီတပ်သားတစ်ချို့ရှိတယ်လို့လည်း မြေပြင်သတင်းအရသိရပါတယ်။ မြို့အတွင်းဖုန်းလိုင်းများဖြတ်တောက်ထားတာကြောင့် အကုန်အပြီးသတ် မြို့ကိုသိမ်းနိုင် မသိမ်းနိုင်ကိုတော့ မသိရသေးပေမယ့် အဓိကနေရာတွေကို သိမ်းနိုင်ပြီလို့လည်း မြေပြင်နှင့်နီးစပ်သူတစ်ဦးထံက သိရပါတယ်။…
ဟုမ္မလင်းမြို့နယ် လွှစင်ကုန်းစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီနှင့် SNA ဘက်မှ ၂၀ ဦးထက်မနည်းသေ
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်မှ လွှစင်ကုန်းစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ် (SNA) ပူးပေါင်းတပ်မှ ဗိုလ်ကြီးအပါအဝင် ၂၀ ဦးထက်မနည်းသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။ မုံရွာ - ဟုမ္မလင်း ပြည်တောင်စုလမ်းပိုင်းပေါ်တွင် စစ်ကောင်စီအခိုင်အမာတပ်စွဲထားသည့် လွှစင်ကုန်းစခန်းကို ခန္တီခရိုင် တပ်ရင်း(၁)မှ ဦးဆောင်ပြီး နိုဝင်ဘာ ၂ရက်တွင် စတင်တိုက်ခိုက်ခဲ့သည်။ နိုဝင်ဘာလ ၄ ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့(…
တမူးမြို့နယ်၊ မန်မော်ကျေးရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်
November 8, 2023 || Tongsan Media Group || စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကလေး – တမူးလမ်းပိုင်း၊ မန်မော်ကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း တမူးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်း ၄ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။…
တမူးခရိုင်အတွင်းရှိ ခါမ်းပါတ်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်
မြန်မာ−အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်း တမူးခရိုင်အတွင်းရှိ ခါမ်းပါတ်မြို့ကို ၄ ရက်တာ ထိုးစစ်ဆင်ခဲ့ပြီးနောက် ယနေ့ (နိုဝင်ဘာ ၇ ရက်) တွင် သိမ်းပိုက်လိုက်ပြီဟု ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခေါင်လွန်း စစ်ဒေသမှူးအဖြစ် တာဝန်ယူထားသည့် အမှတ်(၁) စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်တော်လှန်ရေးအဖွဲ့များက…
လေးရက်ကြာ ထိုးစစ်ဆင်ပြီးနောက် ကောလင်းမြို့ကို တော်လှန်ရေးအဖွဲ့ သိမ်းပိုက်
စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ခရိုင်အဆင့်မြို့ဖြစ်သော ကောလင်းမြို့ကို တော်လှန်ရေးအဖွဲ့များက လေးရက်ကြာ ထိုးစစ်ဆင်ပြီးနောက် ယနေ့ (နိုဝင်ဘာ ၆) နံနက်တွင် အပြီးသတ် သိမ်းပိုက်နိုင်လိုက်သည်ဟု သိရသည်။ တောတောင်များ ဝန်းရံနေပြီး မန္တလေး-မြစ်ကြီးနား ရထားလမ်းပေါ်ရှိ ကောလင်းမြို့ကို တော်လှန်ရေးအဖွဲ့များ ပူးပေါင်း၍ နိုဝင်ဘာ ၃ ရက်နေ့ နံနက်အစောပိုင်းကတည်းက အင်အားအများအပြားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယနေ့ နံနက် ၈ နာရီဝန်းကျင်တွင်…
နမ့်ခမ်းမြို့လယ်ဘုရားဝန်းအတွင်း ပုန်းခိုနေသောစစ်ကောင်စီတပ်နှင့်ပြည်သူ့စစ်ကို တိုက်ခိုက်ပြီးလက်နက်ခဲယမ်းများစွာရရှိကြောင်း TNLA ထုတ်ပြန်
နမ့်ခမ်းမြို့လယ်ဘုရားဝန်းအတွင်း ပုန်းခိုနေသည့် စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ကို ယနေ့ နံနက် အစောပိုင်းတွင် အပြီးသတ် တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။ အဆိုပါ စခန်းကို ယမန်နေ့(နိုဝင်ဘာလ ၆ရက်)ညမှ စတင်ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး ယနေ့ နံနက် ၅ နာရီ ၄၅မိနစ်တွင် အပြီးသတ်ရှင်းလင်းနိုင်ခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAက ထုတ်ပြန်ထားသည်။ လက်နက်မျိုးစုံ…
မယ်စဲ့မြို့နယ် ပန်တိန်းရွာရှိ စစ်ကောင်စီစခန်းသုံးခုကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက်
ကရင်နီ(ကယား)ပြည်နယ်၊ မယ်စဲ့မြို့နယ် ပန်တိန်းကျေးရွာရှိ စစ်ကောင်စီစခန်းသုံးခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ဦးထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိကြောင်း ကရင်နီတပ်ပေါင်းစုတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။ ယနေ့ (နိုဝင်ဘာ ၇ ရက်) နံနက်ပိုင်းကစ၍ ပန်တိန်းကျေးရွာရှိ စစ်ကောင်စီတပ်စွဲထားသော ဆေးရုံ နှင့် ကျောင်း နေရာများကို ကရင်နီတပ်ပေါင်းစုက ပိတ်ဆို့ တိုက်ခိုက်နိုင်ခဲ့ခြင်းဟု ဆိုသည်။ "စခန်းကုန်းကြီးတော့ ကျန်သေးတယ်။ ကျန်တာတွေကိုတော့ ဒီနေ့သိမ်းနိုင်တာဖြစ်တယ်။…
စစ်ကောင်စီ၏ ပြည်သူ့စစ်အဖွဲ့လိုက် အလင်းဝင်လာဟု MNDAA အသိပေး
စစ်ကောင်စီ လက်အောက်ခံ ကိုးကန့်ရုပ်သေးအဖွဲ့၏ ပြည်သူ့စစ်အဖွဲ့ဝင်များ လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း ကိုးကန့်တပ်မတော် (MNDAA)က ယနေ့ သတင်းထုတ်ပြန်ထားသည်။ ကိုးကန့်ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၅ဦး လက်နက် ၁၆လက်နှင့်အတူ အလင်းဝင်လာကြောင်း အသိပေးထားသည့် သတင်းထုတ်ပြန်ချက်ကို MNDAAက ယနေ့တွင် တရုတ်ဘာသာဖြင့် ဖော်ပြခဲ့သည်။ ယင်းနှင့်ပတ်သက်ပြီး MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက "ဒါကတော့ အော်ပရေးရှင်းဖော်ဆောင်လာတဲ့ ၅ရက်အတွင်းမှာ စစ်ကောင်စီဘက်က…