June 30, 2023 || Tongsan Media Group ||

Zokam Version:

Pyin Oo Lwin (PDF)te’ Neihsa Galvan Honkhat Kawl galkap (SAC)te’n Sutkhia:

Saigaing Division, Sagaing Township leilu lam Samon khuaneu ah Jun 29, 2023 ni-in NUG khutnuai a om PDF galkapte’ neihsa galvan honpi khat sumtang in Teng 4500 val kiim hithei ding cih kiza hi. ” PDFte’ zat / akhut tawi laitak Thau te bel amau tawh suakta khawm uh suak ahih manin, supna omlo a, ahi zongin galvan pawl khat pen galphual pan akikhin khiat khit asawt loin, SAC galkapte’n hong suhsak / laksak kha suak hi” ci-in Pyin Oo Lwin District PDF makai General Kaung Kin in gen hi.

Kawl galkapte SAC te ahih leh Irrawaddy gunpi dunga, PDF galkapte’ omna phualte mei tawh hong hal tumsak lai uh hi. “28 June 2023 ni-in, SAC galkapte’n ka galphual uh hong buluh ding cih thu akizak ciangin, galvan teng camp pan mun dangah tuah khia hi ung” ci-in genbeh hi. ” Tua banah ka kituah khit uh a zing ciangin, SAC te’n ka mawtawte uh a om lam thei uh ahih manin, hong buluh uh ai ta ve” ci-in General Kaung Kin in gen beh hi.

Samon khua Kawl phungzi sang a om mawtaw nih sung pan 107-mm thaupi lawng 5, KIA bawl 60-mm thau mal khat, Sniper thaukhat, Pisto thau lawng 3, Zothau lawng 35, China bawl bomb 123, Khutlot bomb mal 35, Drop bomb 31, Inaga bomb 5, SAC uniform teng, khut bawl bomb 32 leh adang van tuamtuamte a ngahna uh SAC te’ zat Telegram ah suah khia uh hi. PDF te’ galvan a suhkhiat uh 107-mm khat ciangin Kawlgam sum Ks. Teng 100 kiim man a, Ruger Precision Sniper thau lawng khat ciangin Ks. Teng 600 kiim man hi cih revolution sem PDFte’ phualpi lam pan kiza hi.

SAC galkap 200 kiimte pen Min Kwin Myo pan Irrawaddy gun dung zui toto in, Sagaing township pan kipanin PDF campte hal zialto ngekngek uh hi. PDF te, Tualsung kem thau tawite tawh nisimin akikap den uh ahi hi. Tua galphual ah Saigaing PDF te in a dona uh pan June 28, 2023 ni-in Sagaing, Wetlet khuapi gei a om Talin khua nawl ah kikapna ah Sagaing PDF ten galkap 11 leh Pyin Oo Lwin PDF 3 te’n Kawl galkap (SAC)te’ busimna tuak uh ahi hi. Pyin Oo Lwin galkap 3 te ahih leh galvil a om laitak athahlup uh hi-in, a dangte pen kidona sung pan Sagaing No. 1, 3 te pan Bo nihna pa tawh a vekpi kigawm PDF 11 si uh hi.

Tua bangin Kawl galkap (SAC)te’n abanban in a dona hangin Pyin Oo Lwin PDF te in gal nanna a nei uh ahi hi. Wetlet khuapi Htee Gyi khua nawl pan Kawl galkap (SAC)te’n nang zo uh a, tua pan galvan pua a mawtawte uh Samoon khua ah a kikhin laitak hi cih thu Pyin Oo Lwin PDF thunei khatin gen hi. “Samoon khua ah mawtaw va pel hi ung, Dalan te’n thupuak man zel ahih manin, SACte’n tua mawtaw hong sulzuih ai ta ve. Ko bel mundang khatah, mawtaw zong mun tuam khatah kido kawmin ka mun uh kigamla hi ung hi ung” ci-in gen beh hi. Mawtaw tawh a om khawm PDF te a suahtak hangin, tua khua a om naupang kum 8 khat le kum 30 khua sung mite na thatlum uh hi cih thu kiza hi ci-in gen hi. Hih kidona tungtang ah mi 2 si cih pen Myanmar Now in kipsakna kilathei nailo ci hi.

SAC galkapten Mandalay khuapi tawh kinai Sagaing township teng tukum kipat lam akipan a lakzawh / ukcip zawhna ding nasiatak panla mahmah uh a, June kha akipan PDF te a tawm pen 54 bang sikhin ta uh hi. June 25 ni zingsang in Sagaing township Kindaw khuaneu a om PDF te’ galphual khat SAC te’n va luhsim zo uh a, PDF te 17 leh khuami 3 kaplum banah a galvante uh tampi suhkhiat sak / laksak uh ahih manin, PDF lamte sihna leh supna tampi tuak uh hi.

Burmese Version:

ပြင်ဦးလွင် ၏ လက်နက်အများအပြား စစ်ကောင်စီ ရရှိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ယမန်နေ့ (ဇွန် ၂၉) က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ လက်နက်များ စစ်ကောင်စီတပ် သိမ်းဆည်းရမိသွားသဖြင့် ကျပ်သိန်း ၄၅၀၀ ကျော်ဖိုး ဆုံးရှုံးခဲ့သည်ဟု သိရသည်။ အဖွဲ့ဝင်များ ကိုင်ဆောင်ထားသည့်လက်နက်များ ဆုံးရှုံးခြင်း မရှိကြောင်း၊ သို့သော်လည်း ကားဖြင့် နေရာသစ်သို့ ပြောင်းရွှေ့အပြီးတွင် သိုလှောင်ထားသည့် လက်နက်ခဲယမ်းများကို ဆုံးရှုံးလိုက်ရကြောင်း ပြင်ဦးလွင်ခရိုင်ပကဖအဖွဲ့ ခေါင်းဆောင် ဗိုလ်ကောင်းကင်ဆိုသူက ပြောသည်။

စစ်ကောင်စီတပ်က အင်အား၂၀၀ ဝန်းကျင်ဖြင့် ဧရာဝတီမြစ်အနောက်ဘက်ကမ်းတစ်လျှောက်ရှိ ဒေသကာကွယ်ရေးအဖွဲ့စခန်းများကို နေ့စဉ် စီးနင်းရှာဖွေစဉ် စစ်ကိုင်းမြို့မြောက်ဘက် ၁၅ မိုင်အကွာ စမွန်းကျေးရွာတွင် ထိုဖြစ်ရပ် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ “၂၈ ရက်နေ့က သတင်းကြိုရလို့ ပစ္စည်းတွေအကုန် (စခန်းကနေ) ရွှေ့နိုင်လိုက်တယ်။ နောက်ရက် အဲဒီ ကားရှိတဲ့ ရွာကို သတင်းရပြီး ဝင်စီးတာပေါ့” ဟု ဗိုလ်ကောင်းကင်က ဆိုသည်။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်များတွင် စမွန်းရွာဘုန်းကြီးကျောင်း၌ ရပ်ထားသည့် ကားနှစ်စီးအတွင်းမှ ၁၀၇-မမ ရှော့တိုက်ဒုံး ၅ လုံး၊ KIA ထုတ် ၆၀-မမ စိန်ပြောင်းတစ်လက်၊ စနိုက်ပါတစ်လက်၊ ပစ္စတို ၃ လက်၊ လက်လုပ်သေနတ် ၃၅ လက်၊ တရုတ်ကြိုးဆွဲ လက်ပစ်ဗုံး ၁၂၃ လုံး၊ လက်ပစ်ဗုံး ၃၅ လုံး၊ Drop ဗုံးသီး ၃၁ လုံး၊ အီနာဂါဗုံးသီး ၅ လုံး၊ ယူနီဖောင်း၊ လက်လုပ်ဗုံးသီး ၃၂ လုံးနှင့် ဖောက်ခွဲရေးပစ္စည်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။

သိမ်းဆည်းခံရသည့် ၁၀၇-မမ ရှော့တိုက်ဒုံးတစ်လုံး၏ တန်ကြေးသည် ကျပ်သိန်း ၁၀၀ ခန့် ရှိပြီး Ruger Precision အမျိုးအစား စနိုက်ပါတစ်လက်သည် ကျပ်သိန်း ၆၀၀ ခန့် တန်ကြေးရှိသည်ဟု တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ ထိုစစ်အင်အား ၂၀၀ သည် မင်းကွန်းမြို့မှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဆန်တက်ကာ စစ်ကိုင်းမြို့နယ်အတွင်းမှ တော်လှန်ရေးစခန်းများကို စီးနင်းနေခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားနေသည်။

အဆိုပါစစ်ကြောင်းကို ပြင်ဦးလွင်ခရိုင်ပကဖအဖွဲ့များ၊ စစ်ကိုင်းခရိုင် PDF တပ်ရင်းများက ခုခံ တိုက်ခိုက်နေရာ ဇွန် ၂၈ က စစ်ကိုင်းမြို့ အရှေ့ဘက် ဝက်လက်မြို့နယ်အစပ် တလိုင်းကျေးရွာအနီး စစ်ကိုင်းခရိုင် တပ်ရင်း ၂ ခုမှ PDF ၁၁ ဦးနှင့် ပြင်ဦးလွင်ခရိုင်ပကဖအဖွဲ့ဝင် ၃ ဦး ချုံခို တိုက်ခိုက်ခံရပြီး သေဆုံးခဲ့သည်။ ပကဖအဖွဲ့ဝင် ၃ ဦး ရှေ့ထွက်ကင်းထောက်ရာမှ အသတ်ခံလိုက်ရပြီး နောက်မှ ထပ်တက်လာသည့် စစ်ကိုင်းခရိုင် အမှတ် (၁) ၊ (၃) တို့မှ ဒုတပ်ရင်းမှူး အပါအဝင် PDF ၁၁ ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီထိုးစစ်ကြောင့် ပြင်ဦးလွင်ခရိုင်ပကဖအဖွဲ့များ ခံစစ်ပြင်ဆင်ခဲ့သည်၊ ဝက်လက်မြို့နယ်၊ ထယ်ကြီးရွာအနီးအရောက် ထိုစစ်ကြောင်းမှ စစ်သားများက ရှေ့ဆက်မလိုက်တော့ဘဲ လက်နက်တင်ဆောင်ထားသည့်ကားရှိရာ စစ်ကိုင်းမြို့နယ် စမွန်းရွာကို သွားရောက် စီးနင်းခြင်းဖြစ်သည်ဟု အထက်ပါ ပြင်ဦးလွင်ခရိုင်ပကဖ တာဝန်ခံက ပြောသည်။ “စမွန်းဆိုတဲ့ရွာမှာ ကားရှောင်တာပေါ့ဗျာ၊ ဒလန် ကောင်းတော့ သတင်းရပြီးတော့ စကစက အဲဒီကားနောက် လိုက်တာပေါ့။

ကျွန်တော်တို့က တစ်နေရာ၊ ပစ္စည်းကားက တစ်နေရာ၊ ခံစစ်ပြင်ရင်းနဲ့ နေရာကွဲသွားတာ” ဟု သူက ဆိုသည်။ ကားနှင့်အတူ ရှိနေသည့် ကာကွယ်ရေးအဖွဲ့ဝင်များ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း အဆိုပါ ကျေးရွာတွင် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ၃၀ ခန့်အရွယ် ဒေသခံတစ်ဦး ပစ်သတ်ခံရသည်ဟု ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။ လက်ရှိတွင် စစ်ကြောင်းက ထိုရွာအနီး ရှိနေသဖြင့် ဒေသခံ ၂ ဦး ပစ်သတ်ခံရသည်ဟူသော သတင်းနှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်က မန္တလေးမြို့နှင့် နီးကပ်သည့် စစ်ကိုင်းမြို့နယ်ကို ထိန်းချုပ်နိုင်ရေး ယခုနှစ်ဆန်းမှ စတင်၍ စစ်ကြောင်းထိုးနေပြီး စခန်းများ အစီးခံရသလို ဇွန်လအတွင်း PDF များ အပါအဝင် ဒေသကာကွယ်ရေးအဖွဲ့ဝင် အနည်းဆုံး ၄၅ ဦးခန့် သေဆုံးသည်။ ဇွန် ၂၅ နံနက်က စစ်ကိုင်းမြို့နယ် ကင်းတော်ကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ စခန်းတစ်ခုကို စစ်ကောင်စီတပ်က အလစ်အငိုက် စီးနင်းခဲ့ရာ ပကဖအဖွဲ့ဝင် ၁၇ ဦးနှင့် အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ ဆုံးရှုံးခဲ့သည်။

English Version:

The Military Council (SAC) received many weapons Pyin Oo Lwin (SAC).

Yesterday (June 29) in Sagaing Township, the weapons of the National Unity Government (NUG) People’s Defense Organization (PKAF) were confiscated by the Military Council, and the value of more than 4,500,000 kyat was lost. There is no loss of weapons held by members. However, after moving to a new location by car, they lost the stored weapons and ammunition, said Pyin Oo Lwin District PDF leader Bo Kaungkin.

The incident took place in Samoon village, 15 miles north of Sagaing City, while the Military Council Army, with a force of around 200, raided the regional defense group’s camps along the west bank of the Irrawaddy River every day. “We were able to move all the equipment (from the camp) because we got the news on the 28th. The next day, after getting news of the village where the car was, we raided it,” said Bo Kaungkin.

In the military council propaganda telegrams, 5 107-mm short-range missiles were fired from two cars parked at Samoon Village Monastery. KIA 60-mm diamond grinder, a sniper 3 pistols 35 handmade guns 123 Chinese hand grenades; 35 grenades 31 drop bombs 5 Enaga bomb fruits, uniform 32 hand-made bombs and many explosive devices were seized, along with photographs, it was released.

The value of one 107-mm shock missile seized is about 100,000 kyats, and a Ruger Precision sniper rifle is worth about 600,000 kyats, according to revolutionary sources. The 200 military forces are marching up the Irrawaddy River through Minkun town and raiding the revolutionary camps in Sagaing Township. The People’s Defense Army (PDF), There are daily clashes with local defense forces.

The column was led by Pyin Oo Lwin District PDF groups, On June 28, 11 PDF members from 2 battalions of Sagaing District and 3 PDF members from Pyin Oo Lwin District were ambushed and killed near Ta Lai Village in Wetlet Township, east of Sagaing City. Sagaing District No. 1, where 3 PDF members were killed by scouts who went forward and came back later. (3) 11 PDFs, including the deputy battalion commander, were killed.

Due to the offensive of the military council, PKAFA groups in Pyin Oo Lwin district prepared to defend themselves. Wetlet Township, The PKAFA officer in Pyin Oo Lwin District said that the soldiers from that column did not continue near The Gyi Village and went to Sa Moon Village in Sagaing Township, where the vehicle loaded with weapons was found. “I avoided cars in the village called Samoon. Dalan is good, and after getting the news, I started following that car.

We are somewhere The car is somewhere, While fixing the defense, the place split,” he said. He added that although the members of the defense who were with the car escaped, an 8-year-old boy and a 30-year-old resident were shot dead in the village. Myanmar Now has not been able to independently confirm the news that 2 locals were shot dead as the convoy is currently near the village.

The Military Council Army has been conducting military operations since the beginning of this year to control Sagaing Township, which is close to Mandalay. Camps were overrun and at least 45 members of the local defense, including PDFs, were killed in June. On the morning of June 25, a military council raided a camp of the People’s Defense Forces (PDF) in Kindaw Village, Sagaing Township, killing 17 PDF members and 3 civilians and losing their weapons and ammunition.

Source: Myanmar Now

Translated: Tongsan Admin Team

Hits: 0

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *