စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး KNU ထံ ဝင်ရောက်ခိုလှုံ
ကရင်ပြည်နယ် ၊ ကရင်အမျိုးသားအစည်းအရုံး ( KNU) တပ်မဟာ ၆ နယ်မြေတွင် ခမရ- ၄၃၂ နဲ့စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း စအရ- ၉၁၈ မှ တပ်သား ၆ ဦးနဲ့ ရဲတပ်ကြပ် ၁ ဦး KNU ထံ ဝင်ရောက်ခိုလှုံတယ်လို့သိရပါတယ်။ကရင်အမျိုးသားအစည်းအရုံး ( KNU)ထံခိုလှုံလာသော စအရ- ၉၁၈မှ တပ်ကြပ် ဇေယျအောင် ၊…
ကလေး-ဂန့်ဂေါလမ်းမကြီးအသုံးပြုခွင့်ကို ကန့်သတ်ရာကနေ (၁၀)ရက်အကြာမှာ ပြန်ဖြေလျော့ပေးပြီလို့သိရ
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့အောက်တိုဘာလ(၁၆)ရက်နေ့ကနေစပြီး ကလေး-ဂန့်ဂေါလမ်းမကြီး အသုံးပြုခွင့်ကို ကန့်သတ်ထားကြတာဖြစ်ပြီး ရက်ပေါင်း(၁၀)ရက်အကြာ အောက်တိုဘာလ(၂၆)ရက်နေ့ ညနေ ပိုင်းကစပြီး ကန့်သတ်ထားတာကိုပြန်လည်ဖြေလျော့ပေးပြီလို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ(၁၆)ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကလေးမြို့နယ်တောင်ပိုင်းဖက်နဲ့ အနောက်တောင်ပိုင်းဖက်ကို စစ်ကြောင်းထိုးလာပြီးတဲ့နောက်ကလေး-ဂန့်ဂေါလမ်းကို ပိတ်ထားကြတာဖြစ်ပြီး ယခုအချိန်မှာတော့ အသုံးပြုလို့ရနေပြီလို့ ကလေးမြို့နယ်တောင်ပိုင်းက ကျေးရွာကဒေသခံတစ်ယောက်က အလိုပြောပါတယ်။ “မနေ့နေ့လယ်လောက်ကစပြီးသွားလို့ရတာ၊ ဒါပေမယ့် စစ်ဆေးရေးတွေတော့တော်တော်လေးကြပ်တယ်၊ ပစ္စည်းတွေသယ်လို့တော့မရသေးဘူး၊ ဒီအတိုင်းသွားလာလို့ပဲရသေးတယ်”လို့ပြောပါတယ်။ လက်ရှိအချိန်အထိ ကလေးမြို့နယ်တောင်ပိုင်းနဲ့ အနောက်တောင်ပိုင်းကကျေးရွာတွေမှာ…
မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်ကို စစ်ခုံရုံးက ထောင်ဒဏ် ၁၀ နှစ်ချမှတ်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်ကို စစ်ခုံရုံးက ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း ပြည်သူ့ပန်းတိုင် – People’s Goalက တပ်တွင်းသတင်းရင်းမြစ်များကို ကိုးကား၍ သတင်းဖော်ပြသည်။ တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့်အတူ တိုင်းစစ်ဌာနချုပ်အရာရှိကြီးများအပါအဝင် ဗိုလ်ကြီးအဆင့်ထိ ပါဝင်ပတ်သက်ဆက်စပ်သူများကို ပြစ်ဒဏ်အသီးသီးချမှတ်ကြောင်း၊ ဇူလိုင်လတွင် ဖားကန့်ဘက်သို့ ဖောက်ခွဲရေးယမ်းများ တင်ပို့သည့် လုပ်ငန်းများတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ နေပြည်တော်…
ထောင်ဝင်စာဧည့်တွေ့ခွင့် အကျဉ်းထောင်အချို့မှာ စဖွင့်ပေး
ကိုဗစ်ကာလကတည်းက ပိတ်ထားတဲ့ ထောင်ဝင်စာဧည့်တွေ့ခွင့်ကို စစ်ကောင်စီက ဒီနေ့( အောက်တိုဘာ ၂၄) ကစတင်ပြီး အကျဉ်းထောင်အချို့မှာ ပြန်ဖွင့်ပေးလိုက်ပါတယ်။ ထောင်ဝင်စာ ဧည့်တွေ့ခွင့် စတင်တဲ့ ထောင်တွေမှာ မန္တလေး အိုးဘိုထောင် ၊မြင်းခြံထောင် ၊ သာယာဝတီထောင် ၊ ညောင်ရွှေထောင် ၊ မြိတ်ထောင် ၊ ပုသိမ်ထောင်တို့ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစု အသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။ နိုင်ငံရေးအကျဉ်းသားအများအပြားဖမ်းဆီးထားတဲ့ အင်းစိန်အကျဉ်းထောင်ကိုတော့…
ဆွီဒင်ရဲ့ နေတိုးအဖွဲ့ဝင် လျှောက်ထားမှုကို တူရကီသမ္မတက ထောက်ခံအတည်ပြုပေးလိုက်ပြီ
ဆွီဒင်နိုင်ငံရဲ့ နေတိုး (NATO) အဖွဲ့ဝင် လျှောက်ထားမှုကို သမ္မတ အာဒိုဝမ်က အောက်တိုဘာ ၂၃ ရက်မှာ ထောက်ခံကြောင်း လက်မှတ်ရေးထိုးပြီး လွှတ်တော်ကို ပို့ပေးလိုက်ပြီလို့ တူရကီသမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။ တူရကီ သမ္မတရဲ့ ဆုံးဖြတ်ချက်ကို ဝမ်းမြောက်စွာ ကြိုဆိုပြီး တူရကီလွှတ်တော်အနေနဲ့ အမြန်ဆုံး မဲခွဲ ဆုံးဖြတ် အတည်ပြုမယ်လို့ မျှော်လင့်ကြောင်း ဆွီဒင်အစိုးရက ပြောထားပါတယ်။ ဆွီဒင်ရဲ့…
အစ္စရေးကနေ ထိုင်းရုပ်အလောင်းတချို့ ပထမဆုံးပြန်ရောက်
အောက်တိုဘာ ၇ ရက်နေ့က ဂါဇာဒေသမှာရှိတဲ့ အစ္စရေးမြို့တွေ ရွာတွေထဲ Hamas စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်မှုအတွင်းသေဆုံးခဲ့သူ ထိုင်းနိုင်ငံသား ၈ ယောက်ရဲ့ ရုပ်အလောင်းတွေ ဒီနေ့ ထိုင်းနိုင်ငံကို ပြန်ရောက်လာပါတယ်။ Hamas တို့ တိုက်ခိုက်မှုအတွင်း ထိုင်းနိုင်ငံသား အယောက် ၃၀ သေဆုံးခဲ့ပြီး ၁၆ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက ပြောကြားထားပါတယ်။ သေဆုံးခဲ့သူတွေထဲက ပထမအသုတ်အဖြစ်…
ဖလမ်းတွင် စစ်ကောင်စီထောင်ထားသော မြေမြှုပ်မိုင်းနင်းမိ၍ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံး
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဇောင်လေးကျေးရွာဒေသခံများသည် ယမန်နေ့၊ နံနက်ပိုင်းက တောထဲသို့ လိပ်ပြာဥ ရှာရန် ထွက်လာစဉ် အသက် ၅၀နှစ် အရွယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦးသည် စစ်ကောင်စီတပ်က ထောင်ထားသော မြေမြှုပ်မိုင်းနင်းမိပြီး ၎င်းနေရာတွင် သေဆုံးသွားကြောင်းသိရသည်။ ဒေါ်ဗျက်ဇနှဲမ်သည် မြေမြှုပ်မိုင်းကြောင့် ခြေထောက်နှစ်ဖက်တွင် ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိ၍ သေဆုံးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် သားသမီး ခြောက် ဦးကျန်ရစ်ခဲ့ကြောင်းဒေသထံများထံမှ သိရသည်။ “ စစ်ကောင်စီရဲ့…
အမေရိကန် ရေတပ်အင်အား မြေထဲပင်လယ်မှာ ထပ်မံတိုးမြှင့်
အီတလီ အခြေစိုက် အမိန့်ပေး ထိန်းချုပ်ရေးသင်္ဘော USS Mount Whitney (LCC 20) ကို မြေထဲပင်လယ် အရှေ့ပိုင်းကို အောက်တိုဘာ ၁၈ ရက်ကစပြီး စေလွှတ်ထားကြောင်း အမေရိကန် အမှတ် ၆ ရေတပ်မဟာဌာနချုပ်က သတင်းထုတ်ပြန်ပါတယ်။ မြေထဲပင်လယ်မှာ ရောက်ရှိနေတဲ့ အမေရိကန်တပ်မဟာ ၇ က တိုက်ခိုက်ရေးရေယာဥ်အုပ်စုတွေကို ကူညီပံ့ပိုးပေးဖို့လို့ ဆိုပါတယ်။ အမေရိကန်…
ဂါဇာစီတီးက Al Ahli ဆေးရုံ ဒုံးကျည်ထိမှန်ပြီး အနည်းဆုံး လူ ၅၀၀ကျော် သေဆုံးတဲ့ စစ်ရာဇဝတ်မှုမှ ာအဓိက တာဝန်ရှိသူဟာ အမေရိကန်ဖြစ်တယ်လို့ ရုရှားက ပြော
ဂါဇာစီတီးက Al Ahli ဆေးရုံကို အစ္စရေးဒုံးကျည် ထိမှန်တဲ့အတွက် ဆေးရုံမှာ ခိုလှုံနေတဲ့ အရပ်သားတွေ အနည်းဆုံး တစ်ရာကျော် သေဆုံးကြောင်း ပါလက်စတိုင်း အာဏာပိုင်တွေက အောက်တိုဘာ ၁၇ ရက်မှာ ပြောပါတယ်။ပစ်ခတ်ခံရချိန်မှာ လူ ၉၀၀ နီးပါး ရှိနေတဲ့အတွက် သေဆုံးအရေအတွက်နဲ့ ဒဏ်ရာရသူတွေ များနိုင်တယ်လို့လည်း ပါလက်စတိုင်းအာဏာပိုင်တွေက ပြောပါတယ်။ အစ္စရေး အစိုးရ တာဝန်ရှိသူတွေကတော့…
ပါလက်စတိုင်း အစ္စရေး ပဋိပက္ခဖြေရှင်းရေးအဆိုပြုချက်ကို အမေရိကန်က ဗီတိုသုံးပယ်ချတာကို ရုရှားက စိတ်ပျက်
လက်ရှိဖြစ်နေတဲ့ ပါလက်စတိုင်းဟားမတ်စ်နဲ့ အစ္စရေးကြားက ပဋိပက္ခနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ ဘရာဇီးရဲ့အဆိုမူကြမ်းတင်သွင်းမှုကို အမေရိကန်က ဗီတိုအာဏာ သုံးပယ်ချခဲ့တာကို စိတ်ပျက်မိကြောင်း ရုရှားအမြဲတမ်းကိုယ်စားလှယ် ဗီဆီလီ နီဘန်ညားက ပြောပါတယ်။ ဘရာဇီးရဲ့ အဆိုပြုချက်မှာ ပါလက်စတိုင်းတွေကို နေရာပြောင်းရွှေ့ခိုင်းနေတာကို ရပ်ဆိုင်းဖို့ ဂါဇာကို ပိတ်ဆို့ထားတာတွေ ဖယ်ရှားပေးဖို့နဲ့ အရပ်သားဓားစာခံတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ဖော်ပြထားတာလို့ နီဘန်ညားက ပြောပါတယ်။ ဘရာဇီးရဲ့…