June 27, 2023 || Tongsan Media Group ||

Burmese Version:

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိတဲ့ အမေရိကန်ဒေါ်လာ သန်း ၁၇၀ နီးပါးရှိ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အဝေရာ မီးပုံးပျံကွင်းမှာ ဇွန် ၂၆ ရက် မနက်ပိုင်းကကျင်းပခဲ့တယ်လို့ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။

အခမ်းအနားကို နစက အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲမှာတော့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ ဖမ်းဆီးရမိတဲ့ ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ် ဆေးပြား၊ အိုက်စ်၊ ကက်တမင်း၊ ဆေးခြောက်၊ ဘိန်းညိုမှုန့် အပါအဝင် မူးယစ်ဆေးဝါး ၂၃ မျိုးနဲ့ ဓာတုပစ္စည်း ၅၂ မျိုးကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခုနှစ်မှာတော့ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီး စတဲ့ မြို့ကြီး ၃ မြို့မှာ မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားတွေကို ဇွန် ၂၆ ရက် မနက်ပိုင်းက ကျင်းပခဲ့ပြီး စုစုပေါင်း တန်ဖိုး အမေရိကန်ဒေါ်လာ ၄၄၆ သန်းကျော်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

English Version:

Drugs worth nearly 170 million dollars were burned in Taunggyi

To commemorate the International Day Against Drug Abuse and Illicit Trafficking, Shan State held a ceremony to burn drugs worth nearly 170 million US dollars. Taunggyi City According to the Myanmar National Police, the event took place on the morning of June 26 at Aweeya fire Air Balloon Field.

The ceremony was attended by Deputy Prime Minister and Union Minister of the Ministry of Home Affairs, Deputy General Soe Thut, who is a member of SAC. Shan State Chief Minister and officials attended. At the drug burning event, opium, seized in Shan State and Kayah State, heroin manic pills, X ketamine Marijuana. It is reported that 23 kinds of drugs and 52 kinds of chemicals, including poppy powder, were burned.

This year, the seized drugs will be sent to Yangon, On the morning of June 26, incineration ceremonies were held in 3 cities such as Yangon, Mandalay and Taunggyi and drugs with a total value of more than 446 million US dollars were burned.

Source: Peoples Spring

Translated: Tongsan Admin Team

Hits: 0

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *