June 28, 2023 || Tongsan Media Group ||

Burmese Version:

လာမည့် 2023 ဇူလိုင်လအတွင်း၌ ဧရာဝတီမြစ်အပါအဝင် မြစ်ကြီး (၁၃) ခုတွင် ဖြစ်ပေါ် လာနိုင်သည့် မြစ်ရေအခြေအနေများနှင့် ပတ်သက်၍ ယနေ့ ဇွန် (၂၈) ရက်တွင် မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မိုးဇလ၏ ထုတ်ပြန်ချက်အရ ဇူလိုင်လအတွင်း ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့၊ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့ ၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့ တို့တွင် တစ်ကြိမ်ခန့်စီ ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း သိရသည်။

ထို့ပြင် ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့်မဒေါက်မြို့၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့၊ သံလွင်မြစ်ရေသည် ဘားအံမြို့၊ သောင်ရင်း မြစ်ရေသည် မြဝတီမြို့တို့တွင် တစ်ကြိမ်ခန့်စီ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးဇလက အသိပေးထားသည်။

ထို့အတူ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့၊ ပုသိမ်မြို့၊ တိုးမြစ်ရေသည် မအူပင်မြို့၊ ကုလားတန်မြစ်ရေသည် ကျောက်တော်မြို့၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တို့တွင် တစ်ကြိမ်ခန့်စီ ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ သိရသည်။

English Version:

The Irrawaddy River and the Great River may exceed the critical water level once in July

The Directorate of Meteorology and Hydrology issued a notification today (28 June) regarding the river conditions that may occur in 13 major rivers, including the Irrawaddy River, during the coming July, 2023.

According to the directorate of Meteorology and Hydrology Moe statement, the water of the Irrawaddy River in Bahmaw town, Shweku town, Katha town, Tabeit kyant town, Mandalay city Sagaing town, Myantmu town, Pakokku city, Nyaung Oo town, Seihtha town, Hinthada town and Zalon town, Chindwin river water also to Khamti town, Homalin town, Phaung Pyan town, Hmawlaik town, Kalewa town, Minkin town, Kani and Monywa town, it is reported that the water level of these cities may exceed the concern level about once each.

In addition, the water of Duthwati River is Mitnge town, and the waters of the Sittaung River are Taung Ngu and Madauk town,. The water of Shwe kyin River is Shwe kyin town. Bago River water is Bago town. The water of the Thanlwin River is in the city of Hpha An. The Directorate of Meteorology and Hydrology has informed that the water of the Taung Yin river may reach above the critical water level in Myawaddy town once in a while.

In the same time, Ngawon River water is in the town of Tapaung town and Pathein town. Too river is to Maubin town. The waters of the Kalatan river is in Kyauktaw town. According to the Department of Meteorology and Hydrology, the water level of Laymyo river in Myaut Oo town and the Belin river in Belin town may reach above the concern water points of these cities.

Source: Popular News

Translated: Tongsan Admin Team

Hits: 0

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *